Pages

Subscribe:

Ads 468x60px

Friday, December 2, 2011

ဗုဒ္ဓကိစ္စ ငါးပါး

 မြတ်စွာဘုရားသည် (၄၅) ၀ါ ကာလပတ်လုံး ဘုရားတို့ပြုအပ်သော ဗုဒ္ဓကိစ္စငါးပါးကို နေ့စဉ်အမြဲ အောက်ပါ အတိုင်း ပြုကျင့်တော်မူ၏။
၁။ ပုရေဘတ္တကိစ္စ- ဆွမ်းမခံမီ လူတို့ကို တရားဟောတော်မူ၏။
၂။ ပစ္ဆာဘတ္တကိစ္စ- ဆွမ်းစားပြီးနောက် နေ့လယ်ပိုင်းတွင် ရဟန်း၊ ရှင်၊ လူတို့ကို တရားဟောတော်မူ၏။
၃။ ပုရိမယာမကိစ္စ- ညဥ့်ဦးယာမ်တွင် ရဟန်းတို့အား တရားဟော၍ အမေးပုစ္ဆာကို ဖြေကြားတော်မူ၏။
၎။ မဇ္ဈိမယာမကိစ္စ- သန်းခေါင်ယာမ်တွင် နတ်၊ ဗြဟ္မာတို့အား တရားဟောတော်မူ၏။
၅။ ပစ္ဆိမယာမကိစ္စ- မိုးသောက်ယာမ်တွင် အချိန်သုံးပိုင်းထား၍ ပထမပိုင်း စကြံ်သွား၊ ဒုတိယပိုင်းကျိန်းစက်၊ တတိယပိုင်း၌ ကျွတ်ထိုက်သော သတ္တ၀ါကို ကြည့်ရှုတော်မူ၏။(သီလက္ခန်၊ နှာ-၄၆)
နေ့ကိုကားလူ၊ ညမူရှေ့ယာမ်၊ သမဏံတည့်၊ လယ်ယာမ်ရှေ့နတ်၊ ဖလတ်လျောင်းနောက်၊ နောက်ယာမ်ရောက်က၊ များမြောက်ဝေနေ၊ ကြည့်ရှုလေ၊ ပရမေကိစ္စငါး။ (လယ်တီဆရာတော်၏ကဗျာ)

Thursday, November 24, 2011

ဥစ္စာပျက်ကြောင်း ခြောက်ပါး

၁။သေစာသောက်စား၊ ၂။လမ်းသွားခါမဲ့၊
၃။ရှုငဲ့ သဘင်၊ ၄။ပျော်ရွှင်အန်လောင်း၊
၎။မကောင်းမိတ်ဖျင်း၊ ၅။ပျင်းရိခြင်းကား၊
ဥစ္စာ ပျက်ကြောင်းတည်း။

အရက်သောက်ခြင်းအပြစ် ခြောက်ပါး
 
၁။ဥစ္စာယုတ်ခြင်း၊ ၂။ငြင်းခုံများစွာ၊
၃။ရောဂါထူ ပြော၊ ၄။ကျော်စောမဲ့တုံ၊
၅။မလုံအင်္ဂါ၊ ၆။ပညာနည်းရှား၊
ဤ ခြောက်ပါး၊ သောက်စားသေစာ အပြစ်တည်း။

Thursday, November 10, 2011

တန်ဆောင်မုန်းလပြည့်နေ့

ယနေ့သည် ၁၃၇၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် သမားတော်ကြီး ဇီဝက၏ သရက်ဥယျာဉ်တွင် ရဟန်းတော်
အပေါင်းနှင့် သီတင်းသုံးတော်မူစဉ် အဇာတသတ်မင်း လျှောက်ထားတောင်းပန်မှုကို အကြောင်းပြု၍
သာမညဖလ (ရဟန်းပြုခြင်းအကျိုး) ဒေသနာတော်ကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်
နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
တန်ဆောင်မုန်းလသည် ဗြိစ္ဆာရာသီကာလဖြစ်၍ လမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင်
ထွန်းပကာ တာရာမှာ ကျီးတာရာဖြစ်သည်။ ရာသီပန်းသည် ခဝဲပန်းဖြစ်သည်။ ပုဂံခေတ်က တန်ဆောင်မုန်းကို
]]တန်ဆောင်မှုန်}}ဟု ရေးသားပြီး အင်းဝခေတ်တွင် ]]တန်ဆောင်မုန်း}}ဟု ပြောင်းလဲရေးသားခဲ့ကြသည်။
အချို့က ]]တန်ဆောင်မှုန်း}}ဟုလည်း ရေးသားကြသည်။
ရှေးခေတ်မြန်မာတို့သည် တန်ဆောင်တိုင်ကို အလင်းရောင်ယူဆောင်သောတိုင်ဟု အဓိပ္ပာယ်သတ်မှတ်၍
နတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ဆီမီး၊ မီးပုံးပျံနှင့် မီးရှူးမီးပန်းများ ချိတ်ဆွဲကာ အံ့မခန်းပူဇော်ကြသည်။
ကထိန်ဟူသည် ]]ကထိန}}ဟူသော ပါဠိဘာသာစကားမှ ဆင်းသက်လာပြီး ]]မြဲမြံခိုင်ခံ့ခြင်း}}ဟု
အဓိပ္ပာယ်ရသည်။ ]]ကထိန}}ဟု ခေါ်ရခြင်းမှာ အာနိသင်အကျိုးငါးပါး တစ်ပြိုင်နက်ရစေခြင်း၊ ဘုရား
အစရှိသော ပညာရှိသူတော်ကောင်းတို့ ချီးမွမ်းအပ်ခြင်း၊ ကထိန်ခင်း၍ အာနိသင်ရသော ရဟန်းတော်တို့မှာ
ကထိန်ခင်းသောနေ့မှ ငါးလခန့် အကျိုးတရားငါးပါး မြဲမြံစွာရခြင်းတို့ကြောင့်ဖြစ်သည်။ ကထိန်သင်္ကန်းသည်
တစ်နှစ်တွင်တစ်လ၊ တစ်လတွင်တစ်ကြိမ်သာပြုရသည့် ထူးခြားသော ကာလဒါနဖြစ်သည်။
ဗုဒ္ဓဘာသာဝင်များသည် တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် မသိုးသင်္ကန်းများ ကပ်လှူရန်
အတွက် ရက်လုပ်ပူဇော်ပွဲများကို ကျင်းပလေ့ရှိပြီး နေ့ရက်မကူး တစ်ရက်တည်းအပြီး ရက်လုပ်လှူဒါန်းရသော
သင်္ကန်းဖြစ်၍ မသိုးသင်္ကန်းဟု ခေါ်ဝေါ်ကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်ရှောက်သည့် နတ်အပေါင်းတို့ မဲဇလီပင်
စောင့်နတ်ထံသို့ လာရောက်စုဝေးသဖြင့် မဲဇလီရွက်၊ မဲဇလီဖူးတို့သည် ကိုးဆယ့်ခြောက်ပါးသောရောဂါကို
ပျောက်ကင်းစေသည့် စွမ်းပကားကြောင့် ဆေးပေါင်းခသည်ဟု ဆိုကြသည်။
သို့ဖြစ်ပေရာ ဗုဒ္ဓဘာသာဝင်များသည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ကထိန်သင်္ကန်း
ကပ်လှူခြင်း၊ သာမညဖလသုတ်တရားတော်ကို နာကြားခြင်း၊ ဆီမီးပူဇော်ခြင်း စသည့် ကောင်းမှုကုသိုလ်
အစုစုတို့ကိုပြု၍ မေတ္တာဘာဝနာများ ပွားများကြရန်ဖြစ်ပါကြောင်း နှိုးဆော်ရေးသားလိုက်ရပါ
သည်။ ။(အယ်ဒီတာအာဘော်မှ)

Monday, October 31, 2011

ကိုယ့်ကိုယ်ကို ချစ်ကြရင်

လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောကြတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေမှာ နစ်မွန်းနေရင် ချစ်ရာ မရောက်ပါဘူး။ ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လူတွေဟာ တကယ်တော့ လောဘ၊ဒေါသ၊မောဟတွေ အင်မတန်ဖုံးလွှမ်းပြီး နေကြပါတယ်။ တစ်နေ့တာရဲ့ကုန်ဆုံးချိန်ဟာ လောဘ၊ဒေါသ၊ မောဟ တစ်မျိုးမျိုးနဲ့ ကုန်ဆုံးနေကြတယ်။ တကယ် သနားစရာကောင်းသော သတ္တ၀ါတွေပါပဲ။ မိမိတို့ရဲ့ လောဘ၊ ဒေါသ၊မောဟ တွေကို တစ်နေ့မှာ အနည်းငယ်စီလျှော့ချသွားပြီး လုပ်ကိုင်စားသောက် လှုပ်ရှားကြမယ်ဆိုရင် တစ်ဘ၀သာ ကျေနပ်စရာမဟုတ်ပဲ တစ်သံသရာသာ စိတ်ချဖို့ဖြစ်သွားကြပါလိမ့်မယ်။

Tuesday, October 25, 2011

စကားအရာအင်္ဂါများနှင့် စကားကြီးဆယ်ခွန်း

စကားအရာအင်္ဂါ (၁၀) ပါး
၁။ကာလ၀ါဒီ- ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ဘူတ၀ါဒီ-ဟုတ်မှန်သောစကားကိုသာပြောဆိုခြင်း။
၃။ဓမ္မ၀ါဒီ-တရားနှင့်စပ်သည်ကိုသာပြောဆိုခြင်း။
၎။အတ္ထ၀ါဒီ-အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။
၅။ပိယ၀ါဒီ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း။
၆။မိဟိတပုဗ္ဗဘာဏီ-ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း။
၇။မိတာဘာဏီ-မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း။
၈။အတုရိတ၀ါဒီ-အဆောတလျင် မပြောဆိုခြင်း။
၉။ပေါရီ-ပြည်ကြီးသူ ပြည်ကြီးသားတို့ဓလေ့ထုံးစံကိုလိုက်၍ပြောဆိုခြင်း။
၁၀။ဝိသဒ၀ါဒီ-သန့်ရှင်းသေချာ၊ဌာန်ကရိုဏ်းကျအောင်ပြောနိုင်ခြင်း။

  • စကားကြီး (၁၀)ခွန်း

၁။ရေကူးညာတင်-လိုသည်ထက် ပို၍ပြောသောစကား။
၂။ကောက်ပင်ရိတ်လှီး-တခွန်းတည်းနှင့်အပိုင်ပြောသည့်စကား။
၃ရေစီးဖောင်ဆန်-စကားပြောရာ၌ လက်ဝင်ပင်ပန်းပြောသောစကား။
၎။အိုးတန်ဆန်ခပ်-တဖက်လူနှင့်တန်သလောက်ပြောသောစကား။
၅။ဆီပွတ်ကျသည်ပွေ့-တဖြေးဖြေး ကိုယ့်ဖက်ပါအောင် ပတ်ချွဲ နပ်ချွဲပြောသောစကား။
၆။ဆင်ဝှေ့ရန်ရှောင်-ထမင်းရေပူလာ လျှာလွှဲတာဝန်ရှောင်သောစကား။
၇။တောင်သူယာခုတ်-အခြေခံကို ပထမပြော၍ လိုရာကို နောက်မှပြောသောစကား။
၈။ကြက်ဆုတ်ခွပ်ပစ်-မိမိအသားစီးရသည့်အခါ အပိုင်ပြောသောနည်း။
၉။ရေစစ်ကရား-စကားအကုန်ပြောနည်း။
၁၀။ခက်တင်မောင်းနင်း-မတင်မကျစကား။

Monday, October 24, 2011

ရင်လှိုက်မော

တစ်ဖြည်းတစ်ဖြည်း
မီးစာတွေကုန်
ဆီခမ်းချိန်ကို စောင့်ရင်း
နောင်စမည့်ဘ၀ကို
ရင်လှိုက်မောစွာ
စောင့်မျှော်နေရင်း
လက်ရှိရသောအချိန်ကို ဤတရားဓမ္မကုသိုလ်ဖြင့် နောင်ဘ၀၏ ကောင်းကျိုးဆိုးကျိုးကို 
တည်ဆောက်ရင်း
တစ်နေ့တစ်နေ့
ခန္ဓာရှိသ၍
စွမ်းနိုင်သလောက်ကုသိုလ်ယူလျှက်
ရွှေဘိုသီလာ

Sunday, October 23, 2011

မယုံနဲ့

မေတ္တာတွေက လမ်းလျှောက်နေခိုက်
သစ္စာတွေက ပန်းကောက်နေလေရဲ့
ကရုဏာကို လေနှင်လိုက်တော့
မုဒိတာတရားက ပြန်လှည့်ကြည့်ချိန်တွေ
နောက်ကျခဲ့တယ်
နောက်ဆုံးတော့ 
ဥပေက္ခာကသာ 
ဘ၀တွေကို ဦးဆောင်စေခဲ့တယ်။ ။
ဖြစ်တတ်တဲ့သဘောပေါ့....

Saturday, October 22, 2011

အေးချမ်းရာရည်မှန်း

တစ်နှစ်ကယ်ကုန်
ခန္ဓာပုံဘယ်ဖြစ်တယ်
တွေးမိခိုက်စုံ။
တရားနဲ့ခြုံ
မလုံပေါင် ခန္ဓာကြီးရယ်က
ယိုစီးအပုပ်တွေနှင့်
ကိုယ်တည်းစက်ဆုပ်ရွံရှာဖွယ်
အနှစ်တကယ် ဘယ်မှာမရှိတာကြောင့်
သံသရာဝယ် ခန္ဓာလွတ်ရအောင်
တရားဘာဝနာရှာကြံသွင်းကြတယ်
                                                                           နိဗ္ဗာန်ရည်မှန်း။

Tuesday, October 4, 2011

ဆရာများနေ့ အမှတ်တရဂုဏ်ပြုလွှာ

အောက်တိုဘာ ရက်(၅)
ဆရာများနေ့ ဂုဏ်ယူတွေးလို့
စာတိုတစ်ပုဒ် ကျွန်ရွေးထုတ်သည် တစ်စိတ်တစ်ဒေ ကျေပါစေ။
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရနှ်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ ၀တ်ငါးဖြာ။
ဆရာသမားများသည် သူတို့၏ ကျင့်ဝတ်အတိုင်း တပည့်သားသမီးများအပေါ် တာဝန်ကျေပွန်စွာ ကျင့်ကြံအားထုတ် သူ့အလုပ်သူလုပ်သွားကြပေသည်။ အနည်းငယ်ချဲ့ရသော် မိမိတို့၏ တပည့်သားသမီးများကို မိမိသိထားတတ်ထားသော ပညာဟူသမျှ အကုန်အစင် သင်ကြားပေးလေသည်။ လိမ္မာပြီးသော မလိမ္မာသေးသော လိမ္မာဆဲသော တပည့်သားသမီးများအပေါ် လိမ္မာယဉ်ကျေးပြူငှာအောင် ဆုံးမပေးလေသည်။ ဆရာသမားများသည် မိမိတို့ တတ်ထားသော ပညာမှန်သ၍ မည်သည့် ပညာမှ ချန်လှပ်ထားခြင်းမရှိပဲ ကိုယ့်တပည့်သည် ကိုယ့်ထက် ထက်သောဓါးကဲ့သို့ သွေးပေးသော ဆရာများဖြစ်ကြပေသည်။ မိမိ၏တပည့်သားသမီးများအပေါ်၌လည်း ကျရောက်မည့် ဘေးအန္တရာယ်များကိုလည်း မကျရောက်ရလေအောင်၊ တပည့်များက ပြုလုပ်မည့် ဘေးအန္တရာယ်များကိုလည်း မပြုလုပ်မိအောင် တားဆီးပိတ်ပင်ပြီး ဆုံးမကြလေသည်။ မိမိတို့ထံ၌ ပညာသင်ဆည်းပူးနေကြသော တပည့်များသည် ပညာရည်ပြည့်ဝပြီး ဆက်လက်သင်ကြားနိုင်ရန် တစ်ဖန်ပြန်ပြီး သူတို့၏ အာရုံ၌ ထည့်သွင်းကြရလေသည်။ အသို့လည်းဟူမူကား မိမိထက် သာစေလိုသော သမ္မာဆန္ဒက ပြင်းပြနေသောကြောင့် မိမိထက် သာသော တော်သော တတ်သော ပညာရည်ပြည့်ဝသော ဆရာကောင်း၊ သမားကောင်းများထံ ထပ်မံ၍ အပ်နှံကြလေသည်။ ဤနေရာဝယ် တစ်ခုလောက်တင်ပြပါရစေ။ အဘယ်နည်းဟူမူးကား-တပည့်ကောင်းမဖြစ်တဲ့သူဟာ ခေါင်းဆောင်းလည်း မည်သည့်နည်းနှင့်မျှ ဆရာကောင်းမဖြစ်နိုင်ပေ..ဟူသော စကားအရ တပည့်ကောင်းမဖြစ်ခဲ့သော ဆရာဖြစ်ပါမူကား ၄င်း၏ တပည့်များကို မိမိကဲ့သို့ အရည်အချင်းတွင်မကပဲ ထို့ထက် တိုးတက်စေသော လမ်းကြောင်းပေါ်သို့ တင်ပေးကြမည်မှာ ဧကန်မလွဲပေ။မည်သို့ပင်ဆိုစေ။ တပည့်ကောင်းမဖြစ်ခဲ့သော ဆရာသမားများသည်ပင် မိမိ၏တပည့်သားသမီးများကို တပည့်ကောင်းဖြစ်ပြီး နောင်တစ်ချိန်မှာ ဆရာကောင်းတွေဖြစ်ပြီး နိုင်ငံသားကောင်းများဖြစ်အောင် မွေးထုတ်ပေးကြသော မိခင်များဟုပင် တင်စားလိုက်ချင်သည်။ထိုသို့မွေးထုတ်ပေးကြသော ပုဂ္ဂိုလ်များကို အသိမှတ်ပြုသောအားဖြင့် အောက်တိုဘာလ လေးရက်နေ့ကို ဆရာများအား ဂုဏ်ပြုလျှက် "ဆရာများနေ့" ဟု သတ်မှတ်ထားခဲ့လေပြီ။ ဆရာများနေ့ ၌ ဆရာများကို ကျေးဇူးဆပ်သောအားဖြင့် ဤမျှတတ်သိနားလည်သော စာသားလေးများဖြင့် ဆရာများကို ကျေးဇူးဆပ်ပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ဦးညွှတ်ဂါရ၀ပြုလျှက်။
ရွှေဘိုသီလာ

Sunday, October 2, 2011

ရွှေဘိုဓါး

ရွှေဘိုကမြင်း၊ ခွာသံပြင်းသည်
ဖောက်ထွင်း တိမ်ယံ တခဲနက်။

ခွာသံ ဖြောက်ဖြောက်၊ ဓားကို မြှောက်လျက်
မကြောက်မလေး၊ ခြင်္သေ့သွေးဖြင့်
ခုန်ပြေး ထစ်ကြုံး၊ တိုက် ချေမှုန်းသည်
စည်းလုံးခြင်း၏ ရလာဒ်တစ်ခု။

နယ်ချဲ့ ခြေကုပ်၊ အမြစ်ဖြုတ်။
သုတ်သင် ဖယ်ရှား ရွှေဘိုဓါး။

လူ့အခွင့်အရေး၊ လူကိုပေးဖို့
သွေးနှင့်ရင်းစက်၊ ပုစ္ဆာတွက်
နက်နဲ စံထား၊ ရွှေဘိုဓါး။

ထန်းတော လယ်တော၊ ထနောင်းတောမှ
ရသောအသိ၊ ဘ၀ညှိ၍
ပြည်၏တံခွန်၊ ယောင်္ကျားမွန်တို့
ခွန်နှင့်အားနှင့်၊ တံခါးဖွင့်သည်
ဝင့်သားလက်သား ရွှေဘိုဓါး။

ရဲသော် စာမရီ
ကြည်သော် မှန်သား
သွားသော် ပေါက်ကျိုင်း
စိုင်းသော် သိန္ဓဝ

အာဂသဘော၊ စင်းလုံးချောဖြင့်
ထက်သော သည်ဓါး၊ ကြွားထက် ကြွားစေ
မ၀ါးမထွေး၊ အရုဏ်သွေးတိုင်း
အခွေးမပျက်၊ ချေးမတတ်အောင်
ဆက်၍ဆက်၍ မြစေလော့။

ဗန်းမော်ညိုနွဲ့

Wednesday, September 28, 2011

ဆရာတော် ဦးသေဋ္ဌိလ ၏ သြ၀ါဒ

ဝိပဿနာတရားဟာ "လူသားတွေရဲ့ ခေါင်းပေါင်းကွ" ၀ိပဿနာဟောတာ ကောင်းပါတယ်။ အဲဒါဟာ ဒကာကြီးတွေအတွက် ခေါင်းပေါင်းပေါ့ကွာ။ ဒကာမကြီးတွေအတွက် ဆံထုံးပေါ့။ ဒါပေမယ့် ၀ိပဿနာဆိုတဲ့ လူ့ခေါင်းပေါင်း၊ လူ့ ဆံထုံး လှလှပပ ပေါင်းပေး ထုံးပေးနေတာကို ငါ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ပုဆိုးနဲ့ ထမီ မြဲအောင်တော့ ၀တ်ပေးလိုက်ပါဦး..တဲ့။
ပုဆိုးနဲ့ထမီက ဘာပါလဲဆရာတော် လို့မေးတော့ ဗုဒ္ဓ၀ါဒ အခြေခံတွေကို နားလည်ဖို့ သိပ်လိုတယ်ကွ...တဲ့။
ခေါင်းပေါင်းနဲ့ ဆုံထုံးကိုပဲ ပြင်ရင် ပုဆိုး.ထမီ မပါပဲ ပွဲတက်သူလို ဖြစ်နေမယ်...တဲ့။
သိပ်မှန်တဲ့ ဆရာတော်ရဲ့ သြ၀ါဒလေးပါပဲ။ ဟုတ်တာပေါ့။ ခု ခေတ်ဖြစ်နေကြတာက ဘုရားကို ရှိခိုးတာတောင် ဘာကြောင့် ရှိခိုးတယ်။ ဘာအကျိုးကိုလိုလို့ ရှိခိုးတယ် ဆိုတာ သေချာမသိပဲ ဘုရားရှေ့တော်ရောက် ပြီး ဒူးနှစ်ဘက် တုပ် အရိုအသေပေး နောက် အော်ချင်ရာအော်၊ ဆိုချင်ရာဆို၊ တောင်းချင်တဲ့ ဆုကိုတောင်း၊ စိတ်ကူးရရာကို လိုက်လုပ်ပြီး ဦးသုံးကြိမ် အမြန်ချ ပြီးပြန်ကြတာချည်းပဲမဟုတ်လား။ သို့သော်လည်း အပြစ်တော့မဆိုသာပေ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွေ အများကြီးရှိတဲ့အနက်မှ ဒီတစ်ယောက်သည် ဘုရားမှန်း တရားမှန်း သံဃာမှန်း သိသေးသည်။ ကုသိုလ်ကောင်းမှုကို ပြုလုပ်ဖို့ စိတ်တစ်နေရာသာ ကျန်နေသေးသည်။ ၀မ်းသာစရာပင်။ ၀ိပဿနာဆိုသည်ကားလည်း ထို့သို့ပင်။ ခေါင်းပေါင်း နဲ့ ဆံထုံးတို့ကိုသာ ပြင်ပြီး ပုဆိုးနဲ့ ထမီ မပါရင် ဘယ်လိုမှပင် မတင့်တယ်သလို ဘယ်လိုမှ မတွေးဝံ့အောင် မြင်ကွင်းက ဆိုးနေပေသည်။ ထိုအချက်ကို ဆရာတော်က ထောက်ပြပြီး ပြင်စေချင်တဲ့ ဆန္ဒဟာ အင်မတန်အံ့သြလောက်ပေသည်။ သို့အတွက်ကြောင့် တပည့်တော်တို့ရဲ့ ညီတော်များ၊ နောင်တော်များ၊ စွမ်းနိုင်သော လူပုဂ္ဂိုလ်များကို ဒီသြ၀ါဒအတိုင်း ဗုဒ္ဓဘာသာရဲ့ အခြေခံ သဘောတရားများကို နားမလည်သေးသော ပုဂ္ဂိုလ်များထံ သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ မိမိမှလည်းကောင်း၊ မိမိမှ တစ်ဆင့် လည်းကောင်း တတ်နိုင်သ၍ သွန်သင်ဆုံးမ ဟောပြော ပြသ ပြီး သာသနာပြုကြပါကုန်စို့ လို့ တိုက်တွန်းလျှက် နိဂုံးချုပ်အပ်ပါသည်။
သာသနာ ငါးထောင်မက ကြာအောင် ထမ်းဆောင် သယ်ပိုးနိုင်ကြပါစေ။

Saturday, September 24, 2011

ခေါင်းဆောင်မှု၏အလေ့အကျင့် (၅) ချက်

၁။စံပြနည်းလမ်းကောင်း      
ခေါင်ဆောင်များသည် ကောင်းသော အခြေခံစည်မျဉ်းများကို ချမှတ်ရမည်။အများနှင့်သက်ဆိုင်သော(ကိုယ်စားလှယ်များ၊လုပ်ဖော်ကိုင်ဖက်များ၊ရောင်းရင်များ၊ဖောက်သည်များ)ရည်မှန်ချက် ပေါက်မြောက်အောင် ဆောင်ရွက်ရမည်။ကောင်းမွန်အဆင့်မြင့်သော စံနှုန်းများကိုဖန်တီးရပြီး အခြားသူများလိုက်ပါနိုင်အောင်စံပြ တစ်ဦးဖြစ်ရမည်။ ခက်ခဲ ရှုပ် ထွေးသော အပြောင်းအလဲတစ်ရပ်သည်အများအပေါ်သက်ရောက်မှုတစ်ခုရှိပြီး ရေတိုစီမံကိန်းများ ချမှတ်ကာ အောင်မြင်မှုငယ်များမှ တစ်ဆင့်ပို၍ကြီးမားသော ရည်မှန်ချက်ကိုရောက်ရှိစေရမည်။ခေါင်းဆောင်များက အများတွက် မှန်ကန်သောဦးတည်ရာလမ်းကြောင်းကို ချမှတ်ပေးရမည်ဖြစ်ပြီး မရေရာခြင်းများမှတစ်ဆင့် အခွင့်အလမ်းများကို ဖန်တီးကာအောင်နိုင်မှုကိုရယူရမည်

၂။မျှဝေသောအနာဂတ်အမြင်ကိုသက်ဝင်ပါစေ    
 ခေါင်းဆောင်းများသည်မတူညီသောဆောင်ရွက်မှုများကို လုပ်ကိုင်နိုင်ကြောင်း အလေးနက်ပြုကြသူများဖြစ်သည်။အနာဂတ်တွက် ဖြစ်ပေါ်လာမည့် အရာများကိုလည်း မြင်တွေ့နိုင်သူများဖြစ်ပြီး အဖွဲ့အစည်းများ အနာဂတ်တွင် ဖြစ်လာမည့်ပုံရိပ်ကိုလည်း မှန်းမျှော်ကြည့်နိုင်သူများဖြစ်သည်။သူတို့၏ ဆွဲဆောင်မှု၊ညှို့ယူဖမ်းစာနိုင်မှုဖြင့်၊ အခြားသူများကို သူတို့၏အနာဂတ်အမြင်နှင့် အိပ်မက်အတွင်းသက်ရောက်နိုင်စေသည်။အနာဂတ်အတွက်
ခေါင်းဆောင်များ ရှင်သန်နေကြပြီး အနာဂတ်တွင်ဖြစ်လာမည့် ဖြစ်နိုင်ဖွယ်ရာများကို
အများအားတတ်ကြွ လှုံ့ဆော်လျက်မြင်တွေ့စေသည်။

၃။လမ်းစဉ်ကိုစိန်ခေါ်ပါ      
ပိုနေမြဲ-ကျားနေမြဲ အနေထားမျိုးကို ပြောင်းလဲလျက် ခေါင်းဆောင်များသည် တစ်သမက်တည်း အခွင့်အလမ်းများတို့ကိုရှာကြံသည်။အဖွဲ့အစည်းတိုးတက်ရန်ဆန်းသစ်သောနည်းလမ်းများကိုလည်း လေ့လာသည်။သို့အတွက် ထိုက်သင့်သောစွန့်စားမှုနှင့် အတွေ့အကြုံများကို ရယူကြရသည်။စွန့်စားမှုရခြင်းအားဖြင့် အမှားအယွင်းနှင့် ဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရသည်ကိုခေါင်းဆောင်များသိရှိကြသည်။မလွှဲမရှောင်သာသော အခက်အခဲများကို ရင်ဆိုင်ကာရလဒ်ကောင်းတစ်ခုအတွက်ခေါင်းဆောင်များဆောင်ရွက်ကြရမည် ဖြစ်သည်။

၎။တခြားသူများလိုက်ပါစေ  
   အပြန်အလှန် အကျိုးကျေးဇူးးရရှိရေးအတွက် အားလုံးနှင့်ပူးပေါင်းနိုင်ရန် ခေါင်းဆောင်များက ပျိုးထောင်ပေးရမည်ဖြစ်သည်။စိတ်ဓာတ်ပါရှိသောအသင်းများကို တည်ဆောက်ပေးရမည်ဖြစ်ပြီး
တက်ကြွစွာ ပါဝင်စေရမည် ဖြစ်သည်။အချင်းချင်းအပြန်ပြန်အလှန်လှန် လေးစားကြရမည်ဖြစ်ပြီး
သာမန်လွန် ကြိုးစားစိုက်ထုတ်မှုကိုဆောင်ရွက်ကြရမည်။ လူသားများ၏ ဂုဏ်သိကခာနှင့် ယုံကြည်မှုကို အင်အားရှိစေမည်ဖြစ်ပြီး တစ်ဦးချင် ဆောင်ရွက်နိုင်စွမ်းနှင့် အင်အားကို ဦးဆောင်သူများက ဖြည့်ဆည်းပေးရမည်။

၅။နှလုံးသားကို အားပေးပါ    
  အဖွဲ့အစည်းများအတွက် သာမာန်လွန်ကိစစရပ်များကို ဆောင်ရွက်ရာတွင်ခက်ခဲပါလိမ့်မည်။မျှော်လင့်ချက်ရှိပြီး ဆုံးဖြက်ချက်များဆက်လက်အကောင်အထည်ဖော်နိုင်ရန် အများ၏ပေးဆပ်ခြင်းများအပေါ် ခေါင်းဆောင်များက အသိအမှတ်ပြုရပါမည်။အောင်မြင်မှုရသောအသင်းတိုင်းအတွက် သူတို့၏ အောင်မြင်မှု၊အားပေးမှု၊ဆုပေးမှု၊အသိအမှတ်ပြုမှုများကို မျှဝေပေးရမည် ဖြစ်သည်။အောင်မြင်သူများကိုသူရဲကောင်းကဲ့သို့ခံစားစေပြီး သူတို့၏တိုးတတ်လာ
သော အင်အားများဖြင့် မှန်ကန်သော အရိပ်အာဝါသ၊ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရမည် ဖြစ်သည်။        Kouzes နှင့် Posner တို့ ထုတ်ဖော်ခဲ့သော တွေ့ရှိချက်အတွင်း ချက်ချင်းတုံ့ပြန်သူများလည်းရှိသည်။ နားထောင်ရသည်မှာကောင်းသောလည်း အတွေးအခေါ်ဆန်လွန်းကြောင်း၊စိတ်ကူးဆန်လွန်းကြောင်းဝေဖန်ခဲ့သည်။အများစုသော သူများအနေဖြင့် စိတ်ဓာတ်တတ်ကြွမှုဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရသည် ဖြစ်ပြီး သူတို့၏ အယူအဆများ၊အတွေးအခေါ်များကို ထည့်သွင်းလုပ်ကိုင်ကြပါသည်။ခပ်ကြမ်ကြမ်းခံစားရသည်ဟု ထင်ကြမည်မှာ ယုံမှာသံသယ မရှိချေ။သို့သော်လည်း သူတို့၏အလုပ်က မည်မျှခေါင်းဆောင်မှုနှင့်ပတ်သတ်၍ ကျနော်တို့တွေးခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း မသိနိုင်၊အခြေခံကျကျထက်လွန်ပြီး ဖြစ်နိုင်ချေရှိမှုများ၊သိပ္ပံနည်းကျ စီးပွားရေးအတွက်ချဉ်းကပ်မှုများအပေါ်တော့ အမြင်တစ်မျိုး သက်ရောက်စေသည်။စိတ်ပိုင်းဆိုင်ရာတက်ကြွမှုတစ်ရပ်ဖြင့် ကတိက၀တ်များက တစ်ဦးချင်း၏အပြုအမှုအပေါ် ပို၍သြဇာကြီးသည်ဟု ကျနော်တို့လက်ခံခဲ့ပါက အယူအဆတစ်ရပ်အပြောင်းသို့ ဖြစ်လာနိုင်ချေမည်။
                                              
နေဇင်လက်(နိုင်ငံတော်သမ္မတအကြံပေး)၏ ခေါင်းဆောင်များရဲ့ခေါင်းဆောင်စာအုပ်မှ ကူးယူဖော်ပြသည်။
ဦးဆုံး မလေ့လာ၊ မသင်ယူဘဲ၊ ဦးဆောင်မှုမခံပဲ သင် ခေါင်းဆောင်တစ်ဦး ဖြစ်မလာနိုင်ပါ။ (Tiorio)

Thursday, September 22, 2011

မိဘဂုဏ်(၁၂)ပါး

မိဘဂုဏ်(၁၂)ပါး
ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွား ရိပ်သာ သို့ပို့ထားကြသည်။ အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။ ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည် ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။
 from forward mail.

Wednesday, September 21, 2011

တဏှာ၏စေရာ

မေတ္တာ၏ နှောင်ကြိုး 
ဆက်တိုးလို့ ချစ်ခင် 
အပြစ်မမြင် နှလုံးသား
အမုန်းတရားရယ် ဘယ်မရှိ
အဆုံးထိ သက်ဝင်
အပြုံးအတိ မက်ချင်ရင်
တဏှာ၏ စေရာ
သင် ဘယ်နေရာ ဆုံးပါလိမ့်မလဲ။ ။